Front-End Web Development
✨ Professional Web Developer တစ်ယောက်အနေနဲ့ သင့်ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်နိုင်ဖို့ NiT မှာဖွင့်လှစ်ထားတဲ့ Web Development (Front-End Developer) အတန်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ✨
🧑💻 Web Development နဲ့ ပတ်သက်ပြီး အခြေခံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တက်ရောက်နိုင်မှာဖြစ်ပြီ၊ နည်းပညာတွေကို စာတွေ့ /လက်တွေ့ သာမက Projects တွေ Exams တွေနဲ့ပါ စနစ်တကျ သင်ကြားပို့ချ ပေးသွားမှာ ဖြစ်ပါတယ်။
🧑💻 Chapter တစ်ခုပြီးတိုင်း Project တွေလဲပြုလုပ်သွားမှာဖြစ်လို့ သင်တန်းပြီးဆုံးတဲ့အခါ Projects များစွာ ရေးထားပြီးသားဖြစ်တာမို့ သင့်အတွက် Portfolio ကောင်းတစ်ခု ရရှိပြီးသားလဲ ဖြစ်စေမှာပါ
🧑💻 သင်ခန်းစာများကို အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ သင်ယူလိုသူများအတွက် In Person Class လေးလဲ စီစဉ်ပေးထားပါတယ်
✨ဒီအတန်းလေးကို ဘယ်လိုလူမျိုးတွေလေ့လာသင့်လဲ?
လစာကောင်းပြီး အလုပ်အကိုင်အခွင့်အလမ်းများသော Web Development Course ကို
💢 အခြေခံ ကနေစပြီး Web Development ကိုနားလည်ချင်သူများ
💢 အချိန်တိုအတွင်း Web Developer တစ်ယောက်အဖြစ်ရပ်တည်လိုသူများ
💢 ကိုယ်တိုင် Website ရေးတက်ချင်သူများ
💢 အချိန်တိုအတွင်း Client projects များရေးချင်သူများ
💢 Web Development အပိုင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုလိုသူများ တက်သင့်တဲ့သင်တန်းဖြစ်ပါတယ်။
💢 Company မှာဘဲလုပ်လုပ်၊ Freelance ဘဲလုပ်လုပ် အဆင်ပြေတဲ့အလုပ်ဖြစ်ပါတယ်။
✨အားသာချက်ကတော့
Laptop နှင့် Internet ရှိနေသရွေ့ ဘယ်အချိန် ဘယ်နေရာမှာဘဲဖြစ်ဖြစ်လုပ်လို့ရတဲ့အလုပ်ဖြစ်ပါတယ်။
✨Front-End Developer ဆိုတာဘယ်လိုမျိုးလဲ ?
~~~~~~~~~~~~~~~~~~~~~~~~~~~
✅Front-End Developer ဆိုတာ Website ရဲ့ User Interface ပိုင်းကိုအဓိကတာဝန်ယူ ရေးဆွဲပေးရပါတယ်။
✅အကြမ်းအားဖြင့် Front-End Developer မှာ website design တွေကို ဖန်တီးရေးဆွဲရတာ ဖြစ်ပါတယ်။ ဖန်တီးရာတွင်လည်း user များ အသုံးပြုရလွယ်ကူစေရန် ၊ user များကို ပိုမိုဆွဲဆောင်နိုင်ရန် interface design များကိုအဓိကအနေနဲ့ ဖန်တီးရေးဆွဲရတာ ဖြစ်ပါတယ်။
✅Front-End Development မှာ website တစ်ခုကို အခြေခံအဆင့်ကနေ ရေးသားရတဲ့အတွက် အခြေခံအကျဆုံးဖြစ်သော HTML , CSS နဲ့ JavaScript တို့ကို သိထားရန် လိုအပ်ပါတယ်။
✅ဒီသင်တန်းမှာလဲ HTML , CSS , JavaScript ,Bootstrap5 , React.Js ,etc... တို့ကိုဆရာနဲ့အတူ ကိုယ်တိုင်လိုက်ရေးရမှာဖြစ်ပါတယ်။
✅ HTML နဲ့ website ရဲ့ ခေါင်းစီးတွေ၊ စာပိုဒ်တွေ၊ ဇယားတွေ၊ စတာတွေကို ထည့်ရေးတယ်။ CSS နဲ့ color တွေ၊ sizeတွေ၊ borderလို့ခေါ်တဲ့ ဘေးဘောင်တွေ ထည့်တယ် ၊ ပြောင်းတယ်။ JavaScript နဲ့ interactive element တွေထည့်တယ်။ ဥပမာ button တစ်ခုကို နှိပ်လိုက်ရင် တစ်ခုခုပြောင်းလဲသွားတာ၊ တစ်ခုခုကို ချိန်းသွားတာတွေ၊ စတာတွေအတွက် JavaScript ကိုသုံးကြတာဖြစ်ပါတယ်။
✅ Front-End Developer သင်တန်းတက်ရောက်ပြီးတာနဲ့ company မှာ Web Design , Web Developer တစ်ယောက်အနေဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်တဲ့ထိ Experienced Lecturer Sir Win Htut Win မှကိုယ်တိုင်သင်ကြားပေးမှာဖြစ်ပါတယ်။
📌သင်ဟာ Web Developer ဖြစ်ဖို့ရည်မှန်းထားရင် ယခုကျွန်တော်တို့ NiT မှာ ဖွင့်လှစ်တဲ့ Front-End Development အတန်းကသင့်အတွက်ဖြစ်ပါတယ်။
✨ Front-End Development မှာ ဘာတွေသင်ကြားပေးမှာလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~~
🧑💻 ဒီ Course က လုံးဝ Basic Level ကနေ စပြီး သင်ကြားပေးတာဖြစ်လို့ Programming ကို လုံးဝ မထိတွေ့ဖူးတဲ့ Beginner သမားတွေပါ လေ့လာလို့ ရမှာ ဖြစ်ပါတယ်။
📌Module – 1 Website Structure ဖန်တီးတဲ့နေရာမှာ အသုံးပြုရမယ့် HTML ဘာသာရပ်ကို သင်ကြားရမှာဖြစ်ပါတယ်။
📌Module 2 - HTML ကိုအသုံးပြုပြီးတည်ဆောက်ထားတဲ့ Structure တွေကို အလှဆင်ဖန်တီးနိုင်ဖို့အတွက် CSS ဘာသာရပ်ကို သင်ကြားရမှာဖြစ်ပါတယ်။ မိမိတို့ဖန်တီးထားတဲ့ Website ကို အသုံးပြုသူ User များရဲ့မည့်သည့် Device တွေမှာမဆို အသုံးပြုနိုင်ရန် Responsive Website အထိရေးသားနိုင်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။
📌Module 3 - အနေနဲ့ CSS Framework တစ်ခုဖြစ်တဲ့ Bootstrap 5 ကို သင်ကြားရမှာဖြစ်ပါတယ်။ Bootstrap 5 ကို အသုံးပြုပြီးရေးသားတဲ့အခါ အချိန်ကုန်သက်သက်သာသာနဲ့ အလုပ်ကိုလဲ လျင်လျင်မြန်မြန်ပြီးနိုင်ပါတယ်။
✨ Module 1, 2, 3 သင်ကြားပြီးသွားတဲ့နောက်မှာ Project တစ်ခုကို ကျောင်းအတွင်းလုပ်ဆောင်ရမှာဖြစ်ပါတယ် ✨
📌Module 4 , 5, 6 - အနေနဲ့ JavaScript, JQuery, Ajax ဘာသာရပ်တို့ကိုလေ့လာရမှာ ဖြစ်ပါတယ်။ သင်ကြားမယ့် Course Outline တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
- Basic Syntax and Statements
- Functions and Advanced Functions
- Objects and Arrays
- DOM Manipulation
- Object-Oriented JavaScript
- Error Handling and Debugging
- Working with APIs
- Local Storage and Session Storage
- JQuery
- AJAX
- ES6
✨JavaScript လေ့လာပြီးပါက Project တစ်ခုထပ်မံလုပ်ဆောင်ရပါမယ်။
📌Module 7 – JavaScript Framework ဖြစ်တဲ့ React.js ကို ဆက်လက်လေ့လာရမှာဖြစ်ပါတယ်။ သင်ကြားရမယ့် Course Outline တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
- Concrete React Basic
- React Basic Folder Structure
- Functional Component and Class Component
- This Keyword and Unique Keyword
- Fetch Data from API
- Props and Children
- SPA and Component Restructuring
- Event Binding
- Method
- Routing
- Component Life Cycle
📌Module 8 – Git and Github ကို သင်ကြားရမှာဖြစ်ပါတယ်။
✨ Module 8 ခုလုံးသင်ကြားပြီးသွားပါက JavaScript Framework ကို အသုံးပြုပြီး Final Project အားရေးဆွဲသွားမှာ ဖြစ်ပါတယ်။ Final Project အောင်မြင့်တဲ့ကျောင်းသားများကိုသာ Certificate ထုတ်ပေးမှာဖြစ်ပါတယ်။